Keep Moving Forward

Published on HivePostify by @donjaun · Thu Sep 03 2026

မနေ့က အသင်း အုပ်ချုပ်သူ၊ တာဝန်ရှိသူများကို ပြိုင်ပွဲကျင်းပရေးက အစည်းအဝေး ခေါ်၏။ Week 4 အပြီးမှာ ခေါ်ယူသည့် အစည်းအဝေး ဖြစ်၏။ အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ပြိုင်ပွဲတွေမှာဆိုရင် တပတ်တခါ အစည်းအဝေးခေါ်သည် ဆို၏။ ဒီမှာတော့ လိဂ်စပြီး တလ အကြာမှာ အစည်းအဝေးခေါ်ခြင်း ဖြစ်၏။ အသင်းတွေကို စည်းကမ်းပိုင်းနှင့် ပတ်သက်ပြီး ပိုမို အလေးထားကြရန်နှင့် အခြား အကြောင်းအရာများ ဆွေးနွေးကြ၏။

ပြိုင်ပွဲဝင်အသင်းတွေကလည်း တသင်းချင်းစီ လိုအပ်ချက်များကို ဆွေးနွေးကြ၏။ ယခုမှ စတင် ကျင်းပသည့် ပြိုင်ပွဲ ဖြစ်သည် နှင့်အညီ လိုအပ်ချက်တွေကတော့ ရှိနေမှာပင်။ ပြိုင်ပွဲ ကျင်းပရေးကကော ပြိုင်ပွဲဝင် အသင်းတွေကကော အတူတကွ ညီညာစွာ ပူးပေါင်း လုပ်ဆောင်ကြရင် ပိုမိုကောင်းမွန်လာပေလိမ့်မည်။

Week 4 အပြီးမှာ ကျနော်တို့ အသင်း အနေဖြင့် အဆင့် ၈ နေရာမှာ ရပ်တည်နေ၏။ ၁၀ သင်း အဆင့် ၈ ဆိုတော့ ခက်တော့ ခက်သားလား။ အသင်း အနေဖြင့် အမှတ်ရသင့်သည့်ပွဲတွေ အမှတ်မရတာက အတော်ဆိုး၏။ ၄ ပွဲ ကစားပြီး ၁ ပွဲနိုင် ၃ ပွဲ ရှုံး ဆိုတာက လက်ခံရခက်လှ၏။ အဆိုပါ ၃ ပွဲမှာ ရှုံးသင့်သည့်ပွဲက ၁ ပွဲသာ ပါ၏။ ကျန် ၂ ပွဲကိုက အနိုင်ကစားထားနိုင်သင့်၏။

နောက်ထပ် အမှတ် ဆုံးရှုံးနိုင်ဖွယ် ရှိသည့် ပွဲစဉ်တွေ ကျန်နေသေး၏။ အသင်း၏ အနေအထားက အမြင့်ပိုင်းထဲ မပါပေမဲ့ အလယ်အလတ် အနေအထားမှာတော့ ���ှိပါ၏။ ဘာမှားပြီး ဘာလိုအပ်နေလဲ ဆိုတာကို အဖြေရှာနိုင်ဖို့ လို၏။ အမှတ်ပေး ဇယား အလယ်မှာ ရပ်တည်ဖို့ ရည်သန်ထားပေမဲ့ လောလောဆယ် ဇယားအောက်နား ရောက်နေ၏။ လက်ကျန်ပွဲတွေကို သေချာ အာရုံစိုက်မှ ရပေလိမ့်မည်။

ဒုတိယကျော့ ရှိသေးသည် ဆိုပေမဲ့ ပကျော့မှာလည်း အမှတ်တွေ ရသလောက် ယူထားနိုင်ဖို့ လို၏။ လိဂ် ကစားနေပေမဲ့ စိတ်နေစိတ်ထား ခံယူချက်က လိဂ် ကစားသမားတွေလို မဖြစ်လာသေးပေ။ ခြေစွမ်းပိုင်းအရ လိုအပ်ချက် ရှိ‌နေသေးရင်တောင် စိတ်ဓါတ်ပိုင်းဆိုင်ရာကိုတော့ သေချာပြင်ဆင်ရပေလိမ့်မည်။

(photos from SFL & Cygnus pages)

Tags: #hive-122133#myanmar#palnet#proofofbrain#creativecoin#neoxian#waiv#hivelist#sports

View full post on HivePostify →

Join HivePostify — Pakistan's First Web3 Platform →