Super Sunday

Published on HivePostify by @donjaun · Sun Sep 06 2026

မနေ့ စနေနေ့မှာ EPL ပွဲစဉ် ၇ ပွဲ ကစားခဲ့၏။ ၅ ပွဲက အရှုံး အနိုင် အဖြေမပေါ်ဘဲ သရေ ရလဒ်တွေ ထွက်ပေါ်ခဲ့၏။ Man City အနေဖြင့် အိမ်ကွင်းမှာ Coventry ကို Haaland ၏ ၁ လုံးထဲသော သွင်းဂိုးဖြင့် အနိုင်ရပြီး ၃ ပွဲ ကစားပြီး ၃ ပွဲနိုင်ဖြင့် အမှတ်ပေး ဇယားကို ဆက်လက် ဦးဆောင်ထား၏။ တန်းတက် Coventry အနေဖြင့် ၃ ပွဲကစားပြီး ၃ ပွဲလုံး ရှုံးနိမ့်ထားခဲ့၏။ တန်းတက် အသင်း နောက်တသင်း ဖြစ်သည့် Hull City ကတော့ အိမ်ကွင်းမှာ Aston Villa နဲ့ ဂိုးမရှိ သရေ ကျသွားခဲ့၏။

တန်းတက် ၃ သင်းထဲမှာ အခြေအနေ ကောင်းနေတာဆိုလို့ Hull City တသင်းထဲသာ ကျန်တော့သည် ဆိုရမည်။ Ipswich ကလည်း ဒီတပတ်မှာ Liverpool ကို ရှုံးနိမ့်သွားခဲ့ရ၏။ တန်းတက် အသင်းတွေထက် ဆိုးနေတာက Tottenham ဖြစ်၏။ Week 1 & 2 နှစ်ပတ်ဆက်တိုက် ရှုံးပွဲ တွေ့ထားခဲ့၏။ ဒီတပတ်မှာတော့ သရေ တမှတ် ရယူနိုင်ခဲ့၏။ Nottm Forest နဲ့ ဂိုး မရှိ သရေကျခဲ့ခြင်း ဖြစ်၏။ ၃ ပွဲ ကစားပြီး ၁ မှတ် ရယူထားကာ တန်းဆင်းဇုန် အဆင့် ၁၈ နေရာမှာ ရပ်တည်နေ၏။

Tottenham အောက်မှာ ရပ်တည်နေပြီး Coventry လို အမှတ် မရသေးသည့် အသင်းက Fulham ဖြစ်၏။ ညက ပွဲစဉ်မှာ Crystal Place ကို ၂-၃ ဖြင့် ရှုံးနိမ့်သွားခဲ့ရလေ၏။ Man City, Crystal Place တို့၏ ပွဲစဉ်တွေက လွဲလို့ ကျန် ပွဲစဉ်တွေက သရေရလဒ်တွေသာ ထွက်ပေါ်ခဲ့၏။

ဒီနေ့မှာတော့ United အနေဖြင့် Everton အသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။ လက်ရှိ အနေအထားမှာ Everton က ၂ ပွဲ ကစားပြီး ၄ မှတ် ရထား၏။ ကိုယ်တွေ United က ၃ ��ှတ်သာ ရထားသေး၏။ Everton က ဒုက္ခ ပေးနေကြအသင်း ဖြစ်တော့ United အတွက် စိတ်ပူရပြန်၏။ ဒါပေမဲ့ အမှတ် ပြန်လည်ရယူနိုင်မယ်လို့တော့ ယုံကြည်နေ၏။

ဒီတပတ်၏ စိတ်ဝင်စားဖို့ အကောင်းဆုံး ပွဲစဉ်က Arsenal vs Chelsea ပွဲစဉ် ဖြစ်၏။ ၂ သင်းလုံး ၆ မှတ်စီ ရယူထားနိုင်ပြီး အမှတ်ပေး ဇယားမှာ အထက်အောက် ရပ်တည်နေ၏။ တသင်းသင်းသာ အနိုင်ရခဲ့ရင် အမှတ်ဖြတ်ထားနိုင်မယ့် အခွင့်အရေး ဖြစ်၏။

(photos from EPL page)

Tags: #hive-122133#palnet#proofofbrain#creativecoin#neoxian#waiv#hivelist#sports

View full post on HivePostify →

Join HivePostify — Pakistan's First Web3 Platform →