WSL Week 1

Published on HivePostify by @donjaun · Fri Sep 04 2026

နက်ဖြန် မနက် ၁၂ နာရီခွဲမှာ WSL အဖွင့်ပွဲစဉ် အဖြစ် London City Lionesses vs Man United Women အသင်းတို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်၏။ ဒီနှစ်မှာတော့။ ယခင်နှစ်လို ၁၂ သင်း မဟုတ်တော့ဘဲ ၁၄ သင်း ယှဉ်ပြိုင် ကစားသွားဖို့ ရှိနေ၏။ WSL မှာ တန်းဆင်း သတ်မှတ်ချက် အနေနဲ့ ယခင်က တသင်းထဲသာ ဖြစ်ပေမဲ့ ဒီနှစ်မှာတော့ နှစ်သင်း ဖြစ်လာနိုင်၏။ လက်ကျန် တန်းဆင်း တနေရာအတွက် Qualification ပြန်ကစားရဖို့ များ၏။

မနှစ်က ချန်ပီယံက Man City Women အသင်း ဖြစ်၏။ တန်းဆင်းသွားရသည့် အသင်းက Leicester City အသင်း ဖြစ်၏။ Leicester City ဆိုမှ ၂၀၁၅/၁၆ မှာ EPL ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်း ၂၀၂၄/၂၅ မှာ တန်းဆင်း သွားလိုက်တာ EPL ကို တကျော့ပြန်လာဖို့ထား ခုဆို Championship ကနေ League One ထိ တန်းဆင်းသွားရပြီ ဖြစ်၏။ League One မှာလည်း အခြေအနေ မကောင်းလှပေ။ ၄ ပွဲ ကစားပြီး ၁ ပွဲနိုင် ၂ ပွဲ သရေ ၁ ပွဲရှုံး ရမှတ် ၅ မှတ်ဖြင့် အဆင့် ၁၃ မှာ ရပ်တည်နေ၏။ League One မှာလည်း Championship မှာလိုပဲ ၂၄ သင်း ယှဉ်ပြိုင် ကစားမည် ဖြစ်၏။

Leicester City အမျိုးသား အသင်းလိုပဲ အမျိုးသမီးအသင်းကလည်း မနှစ်က တန်းဆင်းသွားရတာ စိတ်မကောင်းစရာပင်။ WSL မှာ အအောင်မြင်ဆုံးအသင်းက Chelsea women အသင်း ဖြစ်၏။ ၂၀၁၁ က စတင် ကျင်းပခဲ့သည့် WSL မှာ Chelsea women အနေဖြင့် ၉ ကြိမ် တိတိ ချန်ပီယံ ဖြစ်ထား၏။ ၂၀၁၁ မှာ အသင်း ၈ သင်းနဲ့ စတင်ခဲ့တဲ့ WSL အနေဖြင့် ဒီနှစ်မှာ အသင်းပေါင်း ၁၄ သင်းနဲ့ ယှဉ်ပြိုင် ကစားသွားဖို့ ရှိလာပြီ ဖြစ်၏။

အသင်း အရေအတွက် တိုးလာခြင်း နှင့်အတူ UCL ဝင်ခွင့် တိုက်ရိုက် ၂ နေရာ နှင့် ခြေစစ်ပွဲ ကစားခွင့် ၁ နေရာ ရမည် ဖြစ်၏။ ယခင် ၁၂ သင်း တုန်းက တိုက်ရိုက် ဝင်ခွင့် ၁ နေရာ နှင့် ခြေစစ်ပွဲ ကစားခွင့် ၂ နေရာ ပေးထား၏။ Man United Women အနေဖြင့် မနှစ်က အဆင့် ၄ နေရာသာ ရခဲ့သည်မို့ UCL ဝင်ခွင့်နဲ့ ဝေးကွာခဲ့ပြီ ဖြစ်၏။

Man United Women အနေဖြင့် WSL မှာ အမြင့်ဆုံး အောင်မြင်မှု အနေဖြင့် ၂၀၂၂/၂၃ မှာ ဒုတိယနေရာ ရရှိခဲ့ခြင်းသာ ရှိသေးပေမဲ့ FA Cup မှာတော့ ချန်ပီယံဆုကို ၂၀၂၃/၂၄ မှာ ရယူထားနိုင်ခဲ့၏။ ဒီနှစ်မှာ နည်းပြအသစ် ပြောင်းလဲထား၏။ Scotland ကလပ် Heart of Midlothian အသင်း၏ နည်းပြ စပိန် အမျိုးသမီး Eva Olid ကို နည်းပြသစ် အနေဖြင့် ခန့်အပ်ထား၏။ နည်းပြသစ်နဲ့ United Women အသင်း ဘယ်လောက်ထိ လုပ်ပြနိုင်မလဲကို စောင့်ကြည့် သွားရပေလိမ့်မည်။

(photos from WSL page)

Tags: #hive-122133#myanmar#palnet#proofofbrain#creativecoin#neoxian#waiv#hivelist#sports

View full post on HivePostify →

Join HivePostify — Pakistan's First Web3 Platform →