အပင်များနဲ့

Published on HivePostify by @htwegyi · Wed Aug 12 2026

မိုးတိမ်များရှိသော်လည်း မိုးမရွာပဲ မိုးအုံ့နေသည်။ မိုးအုံ့ တော့ နေလို့ ထိုင်လို့ကောင်းသည်။ ယခင် ရက်များက မိုးကသုံးရက် ဆက်တိုက်ရွာထားသဖြင့် ရာသီဥတုက စိုးစွတ်သဖြင့် သွားလာရ မကောင်းပေ။ မိုးရွာတော့ မြေကြီးက စိုစွတ်သောကြောင့် သစ်ပင် စိုက်ပျိုး၍ ကောင်းသည်။ တနေ့က ကျောက်ဖရုံပင် ပေါက်လေးတပင် စိုက်ပျိုးသည်။ စိုက်ပျိုးသည့်နေ့မှာ မိုးရွာသဖြင့် ကျောက်ဖရုံပင်လေးက ရှင်သန်ဖို့ သေချာသွားသည်။

သို့ပေသည်ပေါ့ဗျာ။ ဘယ်အရာမှ မတည်မြဲတဲ့သဘော ဆိုတော့။ နောက်တစ်နေ့ မနက်မိုးလင်းတော့ မျက်နှာသစ်ရင်း ကျောက်ဖရုံပင်‌လေးကို ကြည့်မိသည်။ ကျောက်ဖရုံပင်ပေါက်ကလေး၏ အစအနကိုပင် မတွေ့ရတော့ပေ။ ကြွက်ကိုက်သွားသလား၊ ခရု ကိုက်သွားသလားမသိပေ။ အပင်စိုက်ထားသည့် ဘေးမှာ ခရုတစ်ကောင်ကိုတော့မြင်တွေ့ရသည်။ စိတ်ထဲမှာ ဟာကနဲဖြစ်သွားသည်။ ကိုယ်စိုက်ထားသည့် အပင်၊ အရိပ်ကြည့်မိသော အပင် မရှိတော့သည့်အခါ ရင်ထဲမှာ ခံစားရသည်။

စိတ်ထဲမှာ မခံချင်စိတ်လည်းဖြစ်မိသည်။ ကျောက်ဖရုံပင် ပေါက်ကလေးများက နောက်ထပ်ရှိသေးသည်။ထို့ကြောင့် နောက်ထပ် ကျောက်ဖရုံပင်ကို မရ ရအောင် စိုက်အုံးမည်ဟု စိတ်ကဖြစ်ပေါ်သည်။ မခံချင်စိတ် သည်က တခါတရံ ကောင်းတာလည်းဖြစ်သလို မကောင်းတာလည်းဖြစ်တတ်သည်။ ထိုစိတ်ကို ကောင်တဲ့ နေရာမှာသုံးရင် အဆင်ပြေပါ၏။ မကောင်းသည့်နေရာမှာ သုံးသည့်အခါမှာတော့အန္တရာယ် ဖြစ်စေသည်။

ခြံအပြင်သို့ ထွက်ကြည့်မိသည့်အခါ တလောက စိုက်ထားသော ငှက်ပျောပင်များ၏ အရွက်များက စိမ်းစိမ်းစိုစိုဖြင့် အားကောင်းမောင်းသန်နေကြပေသည်။ ငှက်ပျောပင်ဘေးမှာ ခရမ်းဆော့သီးပင် တပင်လည်းပေါက်နေသည်။ နောက်တပင်လည်း ရှိသည် ထိုအပင်က ငှက်ပျောပင်နှင့် ခရမ်းဆော့ပင် မရှိသေးခင်ကတည်းက စိုက်ထားသည်။ ထိုအပင်က ပျဉ်တော်သိမ်းပင် ဖြစ်သည်။

ငှက်ပျောပင်နှင့် ခရမ်းဆော့ပင်တို့က ကြီးထွားကြသော်လည်း ပျဥ်‌တော်သိမ်းပင် အပင်သည်ကား ကြီးထွားမှုမရှိ ပေ။ ထိုအပင်နှစ်ပင်အကြားမှာ ညက်နေရှာသည်။ ကျွန်တော်တို့အိမ်က အားလူးဟင်း ချက်တိုင်း ထိုပျဉ်တော်သိမ်းပင်၏ အရွက်များကို ခူး၍ ထည့်ချက်သည်။ အာလူးဟင်းမှာ ပျဉ်တော်သိမ်းပင်၏ အရွက်ထည့်ပါက မွှေးပျံ့၍အင်မတန်စားချင်စဖွယ် ကောင်းလှသည်။ ခြံထဲမှာ စားပင်များ စိုက်ထားတော့ စားချင်သည့်အချိန် ခူးစားရသည့်က စိတ်ချမ်းသာလှပေတော့သည်။

@htwegyi August 12, 2026

Tags: #hive-122133#myanmar#nature#planet#life#photo#feeling#foodie#waivio

View full post on HivePostify →

Join HivePostify — Pakistan's First Web3 Platform →