တွေးမိ တွေးရာ။

Published on HivePostify by @htwegyi · Sat Aug 08 2026

Hive ဈေးက ကျနေသည်။ ဈေးကျတော့ စာရေးရတာ မပျော်တော့။ မပျော်တော့ စာရေးဖို့ စိတ်ကူးက မထွက်။ ကိုယ့်ရဲ့ vote တစ်ချက 0.006 ဆိုတော့လည်း မပျော်။ တနေ့ကမှ 0.007  သို့ရောက် သွားသေးသမို့ အင်း ဈေးကလေးတော့ တက်ပြီးဟဲ့။ ယခုတော့ 0.006 သို့ပြန်ကျသွားပြန်ပေါ့။ ရေးစရာ ကလည်း ဘာရေးလို့ ရေးရမှန်းမသိတော့ပေ။

တနေ့က ပိုစ့်မှာ ခွေးမကြီးအကြောင်းရေးတင်သည်။ ကိုယ်တွေလည်း ရေးစရာမရှိ ရှာကြံဖန်ပြီ အိမ်အနီး ဘေးပတ်ဝန်ကျင်မှ မြင်ရ၊ ကြားရသမျှ အကုန်အစုံ ကို စာရေးပိုစ့်တင်နေရသည်။ ဒါသည်ပင် ရေးစရာက ရှာပါးနေပြန်သည်။ ခွေးမကြီး အကြောင်း ရေးပြီး သကာလ ယနေ့ ဈေးမှ စည်ပင်မှ အရာရှိမများ အကြောင်းရေးရပေအုံးမည်။

ယနေ့ ဈေးသို့သွားရာ ဈေးအလယ် လမ်းမှာ စည်ပင်အရာရှိမှ နှစ်ဦးက ယူနီဖောင်များဖြင့် ဟန်ရေးပြနေသည်။ သူတို့၏လက်အောက်မှ အပြာဝတ်နှင့် လူတဦးက ဟိုပြ ဒီပြ ပြောဆိုရင်း လိုက်ပါသည်။ သူတို့၏ နောက်မှနေ၍ ကျွန်တော်က သူတို့၏ အခြေအနေကိုကြည့်ကာ လိုက်ပါသည်။ သူတို့က ဈေးကို ကန့်လန့်ဖြတ်ကြည့်ပြီး ကားပေါ်တက်ကာ ပြန်သွားကြသည်။

ဈေးရောင်းသူအချို့က သူတို့ကို ကြည့်သူရှိသလို၊ ကိုယ့်ဈေးကိုယ်ရောင်းနေသူလည်းရှိပေသည်။ ဈေးမှ ပြန်လာသည့်လမ်းမှာ ဆရာမတဦးကလည်း ကျောင်းစိမ်းယူနီဖောင်ဖြင့် မော်ဒန်များကဲ့သို့ လမ်းလျှောက်သွာလေသည်။ သူတို့တွေကို ကြည့်ပြီး လွန်ခဲ့သ��ာ လေးငါးနှစ်မှာ ယခုကဲ့သို့ ယူနီဖောင် ဝတ်ဖို့ ဝေးစွပါတကားဟု တွေးမိသည်။

အင်း အချိန်တွေကလည်း ကုန်တာမြန်ပေသည်။ အချိန်ကုန်မြန်သလို လူတို့၏ စိတ်များကလည်း အတက်အကျ မြန်ကြသည်။ ရှေ့လျှောက် ဘာတွေက ဘယ်လိုဖြစ်လာမည်ကို မည်သူမျှမသိနိုင်ပေ။ သို့ပေသိ ဖူးရာမှ ငုံ၊ ငုံရာမှ ပွင့်၊ ပွင့်ရာမှ သီး ကြပေမည်။ လူတို့သည်လည်း ကလေးဘဝမှ လူငယ်၊ လူငယ်မှ လူကြီး၊ လူကြီးမှ အိုမင် ရင့်ရော် သေကြရပေအုံးမည်။ နုရာမှ ရင့်၊ ရင့်ရာမှ ကြွေ ကျ ရမည့်အချိန် မရောက်သေးခင်မှာတော့ မော့မော့ ကြွကြွ ရွရွ နေကြ ပေအုံးပေါ့။ အရာအားလုံးက ခဏလေးပါ။

@htwegyi August 8, 2026

Tags: #hive-122133#myanmar#life#photo#nature#feeling

View full post on HivePostify →

Join HivePostify — Pakistan's First Web3 Platform →